သေလာထေရီဘိက္ခူနီမ ဟစ်သီသော ဓမ္မဂီတ

မာရ်နတ်မင်းသည် သေလာထေရီဘိက္ခူနီမအား ဖလသမာပါတ်မှ ထစေခြင်းငှါ အလိုဆိုးဖြင့် ဤအမေးစကား သီဖွဲ.လိုက်သည်။

“  အို--- သေလာထေရီဘိက္ခူနီမ၊ သတ္တဝါသည် မည်သူဖန်ဆင်းသနည်း။  ထိုသတ္တဝါကို ဖန်ဆင်းသူသည် အဘယ်အရပ်၌ တည်ရှိပါသနည်း။  သတ္တဝါသည် အဘယ်အရပ်၌ ဖြစ်၍ အဘယ်အရပ်၌ ချူပ်ပျောက်ပျက်စီးသနည်း။ “

ထိုအခါ သေလာထေရီသည်

“  ပညာနည်းလှစွာသော ဟယ်---မာရ်နတ်၊ ပဉ္စကခန္ဓာ အတ္တဘောကိုသင်တို.ဆိုသော အတ္တ၊ဇီဝ၊လိပ်ပြာဟုဆိုသော မိမိကလည်းဖန်ဆင်းသည်မဟုတ်ပါ။  ဣဿရ၊ဗြဟ္မာဟုဆိုသော ဖန်ဆင်းရှင်ကလည်း ဖန်ဆင်းသည် မဟုတ်ပါ။  အမှန်မူကား အဝိဇ္ဇာ၊ တဏှာ၊ကံဟူသော အကြောင်းကြောင့် ဤပဉ္စကခန္ဓာ အတ္တဘောသည် ဖြစ်ခဲ့ပေသည်။  ဆီနှင့် မီးစာကုန်ခြင်း အကြောင်းကြောင့် ဆီမီးသည် ငြိမ်းရသကဲ့သို. ဤပဉ္စကခန္ဓာ အတ္တဘောသည် ငြိမ်းရပါသည်။  လောကဥပမာအားဖြင့် အမှတ်မထင် အကြင်မျိုးစေ့တစ်စုံတစ်ရာသည် မြေအဆီဩဇာနှင့် ရေဟူသော အကြောင်းကြောင့် သစ်ပင်သည် စည်ပင်ရသကဲ့သို. ဤပဉ္စကခန္ဓာ အတ္တဘောသည် အဝိဇ္ဇာ၊ တဏှာ၊ကံဟူသော အကြောင်းကြောင့် စည်ပင်၍ ဆီနှင့် မီးစာ ကုန်ခြင်း အကြောင်းကြောင့် ဆီမီးသည် ငြိမ်းရသကဲ့သို. ငြိမ်းရပါသည်“  ဟု ဓမ္မဂီတကို ဟစ်သီခဲ့ပြီ။

မှန်ပေစွ။  သတ္တဝါတို.သည် အဝိဇ္ဇာ၊ တဏှာ၊ကံဟူသော အကြောင်းကြောင့် ဖြစ်တည်ကြ၍ ကမ္မသတ္တိအစွမ်းတို. ကုန်ခြင်းတည်းဟူသော အကြောင်းကြောင့် စုတိပြတ်ကြွေသေလွန် ကြရပါသည်။

0 comments: