အမြိုက်ခရီး

အခါတစ်ပါး အမျိုးအမည် မထင်ရှားသောနတ်သားတစ်ပါးသည်ဇေတဝန်ကျောင်းတော်သို.နတ်တို.၏ ကိုယ်ရောင်ဖြင်.ထွန်းလင်းစေလျှက် မြတ်စွာဘုရားထံသို.ချဉ်းကပ်၍

ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသောမြတ်စွာဘုရား၊ ဘုရားတပည်.တော်၏ယုံမှားခြင်းသံသယကိုဖြေဖျောက်စိမ်.သောငှာ ပြဿနာသည်မေးလျှောက်လိုပါ၏။  လောက၌လူတို.သည် လည်းကောင်း နတ်တို.သည်လည်းကောင်းနိဗ္ဗုတာခရီးသို. မဆိုက်ရောက်မှီ ဤသံသရာ၌ ကျင်လည်ရသည်လျှင်ဧကန်ပင်ဖြစ်ပါ၏။  ယင်းသို. သံသရာ၌ ကျင်လည်ရသည်ရှိသော် သတ္တဝါတို.သည်ခွန်အားနှင်.လည်းပြည်.စုံလိုပါ၏။  အဆင်းနှင်.လည်းပြည်.စုံလိုပါ၏၊ ချမ်းသာသုခနှင်.လည်းပြည်.စုံလိုပါ၏၊  စက္ခုနှင်.လည်းပြည်.စုံလိုပါ၏၊  အလုံးစုံကုန်သောဗလ၊ ဝဏ္ဏ၊ သုခ၊စက္ခုနှင်.လည်းပြည်.စုံလိုပါ၏၊ ယင်းတရားအပေါင်း၏ အထောက်အပံ့ဒါနသည်ကား အဘယ်ပါနည်းဘုရား?

ထိုအခါ မြတ်စွာဘုရားက သင်နတ်သားသည် ကောင်းသောအမေးစကားသည်ဖြစ်ပေလတ္တံ.။  နာယူပေလော. သင်နတ်သား။  လောက၌ခွန်အားနှင်.ပြည်.စုံလိုသူသည်ဆွမ်းခဲဖွယ်လှူဒါန်းရာ၏။  အဆင်းနှင်.ပြည်.စုံလိုသူသည် သင်္ကန်းအဝတ်တန်ဆာလှူဒါန်းရာ၏။  ချမ်းသာသုခနှင်.ပြည်.စုံလိုသူသည် ထီးဖိနပ်စသည် ယာနဒါနကိုလှူဒါန်းရာ၏။  စက္ခုနှင်.ပြည်.စုံလိုသူသည် အလင်းဆီမီးကိုလှူဒါန်းရာ၏။   အလုံးစုံကုန်သောဗလ၊ ဝဏ္ဏ၊ သုခ၊စက္ခုနှင်.ပြည်.စုံလိုသူသည်ကျောင်းအာရာမ် လှူဒါန်းရာ၏။  ထို.ထက် အမြိုက်အလှူသည်အမြတ်ဆုံးဟုငါဘုရားဟော၏။  အကြင်ပုဂ္ဂိုလ်သည် အမြတ်ဆုံးအလှူကိုပြုလိုငှားအံ. တရားအလှူကိုပေးလှူရာ၏။

ဆုတောင်း

ငါသည် ဤဆွမ်းအလှူပေးလှူခြင်းကုသိုလ်စေတနာဇောအဟုန်ကြောင်. အလုံးစုံသောသတ္တဝါတို.အား အရဟတ္တဖိုလ်နှင်.ယှဉ်သောဗိုလ် (၅) ပါးသည်ဖြစ်ပါစေ။

ငါသည် ဤသင်္ကန်းအလှူပေးလှူခြင်းကုသိုလ်စေတနာဇောအဟုန်ကြောင်. အလုံးစုံသောသတ္တဝါတို.အား အရိယာမြတ်တို.ချီးကျုးအပ်သော အရိယာမဂ်ပညာနှင်. ယှဉ်သောသီလသည်ဖြစ်ပါစေ။

ငါသည် ဤယာနဒါနအလှူပေးလှူခြင်းကုသိုလ်စေတနာဇောအဟုန်ကြောင်. အလုံးစုံသောသတ္တဝါတို.အား အမြိုက်ရေစင်နှင်.သွန်းလောင်းအပ်သောခန္ဓာအိမ်အတ္တဘောသည်ဖြစ်ပါစေ။

ငါသည် ဤအလင်းဆီမီးပေးလှူခြင်းကုသိုလ်စေတနာဇောအဟုန်ကြောင်. အလုံးစုံသောသတ္တဝါတို.အား အဝိဇ္ဇာအမိုက်မှောင်ကိုထွန်းဖောက်နိုင်သော အရဟတ္တမဂ်ပညာသည်ဖြစ်ပါစေ။

ငါသည်လည်းလေအလျှင်ကဲ.သို.လျှင်မြန်သောအဟုန်ဖြင်.သူရိယနေမင်းကဲ.သို.ထွန်းလင်းခြင်းသည် ဖြစ်ပါစေ။  မဟာဂရုဏာတော်သည်ဖြစ်ပါစေ။

0 comments: