သိက္ခာ၃ပါး
သီလသည် အဓိသီလသိက္ခာမည်၏။
သမာဓိသည် အဓိစိတ္တသိက္ခာမည်၏။
ပညာသ ည် အဓိပညာသိက္ခာမည်၏။
ကောင်းခြင်း၃ပါး
သီလသည် သာသနာတော်၏ အစကောင်းခြင်းမည်၏။
သမာဓိသည် သာသနာတော်၏ အလယ်ကောင်းခြင်းမည်၏။
ပညာသည် သာသနာတော်၏ အဆုံးကောင်းခြင်းမည်၏။
ဥပနိဿယ၃ပါး
သီလသည် တေဝိဇ္ဇာရဟန္တာဖြစ်ခြင်း၏ အားကြီးသော မှီရာတည်း။
သမာဓိသည် ဆဠာဘိညရဟန္တာဖြစ်ခြင်း၏ အားကြီးသော မှီရာတည်း။
ပညာသည် ပဋိသမ္ဘိဒါမဂ္ဂညာဏ်တော်မြတ်၏ အားကြီးသော မှီရာတည်း။
ရှောင်ကြဉ်ခြင်း မှီဝဲခြင်း ၃ပါး
သီလဖြင့် ကာမသုခလိက အကျင့်ရှောင်ကြဉ်ခြင်းကို ထင်ရှားပြသည်။
သမာဓိဖြင့် အတ္တကိလမထ အကျင့်ရှောင်ကြဉ်ခြင်းကို ထင်ရှားပြသည်။
ပညာဖြင့် မဇ္ဈိမပဋိပဒါ အကျင့်မှီဝဲခြင်းကို ထင်ရှားပြသည်။
လွန်မြောက်ခြင်း ၃ပါး
သီလဖြင့် အပယ်၎ဘုံမှ လွန်မြောက်ခြင်းကို ထင်ရှားပြသည်။
သမာဓိဖြင့် ကာမ၁၁ဘုံမှ လွန်မြောက်ခြင်းကို ထင်ရှားပြသည်။
ပညာဖြင့် ၃၁ဘုံမှ လွန်မြောက်ခြင်းကို ထင်ရှားပြသည်။
ပဟာန် ၃ပါး
သီလသည် တဒင်္ဂပဟာန်၏ အစွမ်းဖြင့် ကိလေသာပယ်ခြင်းကို ထင်ရှားပြသည်။
သမာဓိသည် ဝိက္ခမ္ဘနပဟာန်၏ အစွမ်းဖြင့် ကိလေသာပယ်ခြင်းကို ထင်ရှားပြသည်။
ပညာသည် သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ကိလေသာပယ်ခြင်းကို ထင်ရှားပြသည်။
ဆန်.ကျင်ဘက်၃ပါး
သီလသည် ဝီတိက္ကမကိလေသာ၏ ဆန်.ကျင်ဘက်။
သမာဓိသည် ပရိယုဋ္ဌာနကိလေသာ၏ ဆန်.ကျင်ဘက်။
ပညာသည် အနုသယကိလေသာ၏ ဆန်.ကျင့်ဘက်။
သုတ်သင်ခြင်း ၃ပါး
သီလဖြင့် ဒုစရိုက်သံ ကိလေသကို သုတ်သင်သည်။
သမာဓိဖြင့် တဏှာသ့ ကိလေသကို သုတ်သင်သည်။
ပညာဖြင့် ဒိဋ္ဌိသံ ကိလေသကို သုတ်သင်သည်။
အရိယာဖြစ်ကြောင်း၃ပါး
သီလသည် သောတပန်၊ တကဒါဂါမ် အရိယာဖြစ်ကြောင်းတရားတည်း။
သမာဓိသည် အနာဂါမ် အရိယာဖြစ်ကြောင်းတရားတည်း။
ပညာသည် ရဟန္တာအရိယာ ဖြစ်ကြောင်းတရားတည်း။
ကျမ်းကိုး။ ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ် မြန်မာပြန်ပထမတွဲမှ

0 comments:
Post a Comment