မြတ်စွာဘုရား၏ ထိုရွှေအားတော် (၁၀)ပါး

ချစ်သား သာရိပုတြာ၊ လိစ္ဆဝီမင်းသား သုနက္ခတ္တသည် ငါဘုရားရှင်၏ အားတော်(၁၀)ပါးအား တရားသို. အစဉ်လျှောက်၍ သိတတ်သော ညာဏ်အမြင်မှ မရှိ။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် ဤလောက၌ အကြောင်းဟုတ်သည်ကို လည်းကောင်း၊ အကြောင်းမဟုတ်သည်ကို လည်းကောင်း၊ ဟုတ်တိုင်းမှန်စွာ ပိုင်းခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တို.၌ ဆောက်တည်၍ ပြုတတ်သော ကံတို.၏ အကျိုးကို အထောက်အပံ့အားဖြင့် ၊ အကြောင်းအားဖြင့် သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အလုံးစုံသော ဂတိ ၅တန်နှင့်တကွ နိဗ္ဗာန်သို. ရောက်စေနိုင်သောအကျင့်တို.ကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အမျိုးမျိုးသော ဓာတ်တို.ရှိသော၊ များပြားသောဓာတ်တို.ရှိသော လောကကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အမျိုးမျိုးသော သတ္တဝါတို.၏ စိတ်ထား အမျိုးမျိုးကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် လောက ၃ပါး၌ အယုတ်၊ အမြတ်ဖြစ်ကုန်သော သတ္တဝါတို.၏ ဣနြေ္ဒအနု၊ အရင့်ကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် ဈာန်၊ဝိမောက္ခ၊ သမာဓိ၊ သမာပါတ်တို.၏ ညစ်ညူးကြောင်း၊ ဖြူစင်ကြောင်း၊ ထမြောက်ကြောင်းကို ဟုတ်တိုင်းမှန်စွာ ခွဲခြား၍ သိ၏။  ယင်းသို.သိတော်မူခြင်းသည်ပင် မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် များပြားသောရှေး၌ နေဘူးသော ဘဝတို.ကို အောက်မေ့နိုင်၏။  အဘယ်သို.နည်းဟူမူ မြတ်စွာဘုရားသည် တစ်ဘဝကို လည်းကောင်း၊ နှစ်ဘဝတို.ကို လည်းကောင်း၊ ၃ ဘဝတို.ကို လည်းကောင်း၊ ၄ ဘဝတို.ကို လည်းကောင်း၊ ၅ ဘဝတို.ကို လည်းကောင်း၊ ၁၀ ဘဝတို.ကို လည်းကောင်း၊ ဘဝ ၂၀တို.ကို လည်းကောင်း၊ ဘဝ ၃၀တို.ကို လည်းကောင်း၊ ဘဝ၄၀တို.ကိုလည်းကောင်း၊ ဘဝ ၅၀တို.ကို လည်းကောင်း၊ ဘဝ တစ်ရာတို.ကို လည်းကောင်း၊ ဘဝတစ်ထောင်တို.ကို လည်းကောင်း၊ ဘဝ တစ်သိန်းတို.ကို လည်းကောင်း၊ များစွာသော ပျက်ကပ်တို.ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို.ကို လည်းကောင်း၊ များပြားသော ပျက်ကပ်၊ ဖြစ်ကပ်တို.ကို လည်းကောင်း၊ ဟုတ်တိုင်းမှန်စွာအောက်မေ့နိုင်၏။  အသို.နည်း? ချစ်သား သာရိပုတြာ၊ ငါသည် ဤမည်သော ဘဝ၌ ဤမည်သော အမည်ဖြစ်ခဲ့၏။  ဤမည်သော အနွယ်ဖြစ်ခဲ့၏။  ဤမည်သော အဆင်းရှိခဲ့၏။  ဤမည်သော အသံရှိခဲ့၏။  ဤမည်သော ချမ်းသာ၊ ဆင်းရဲကို ခံစားခဲ့၏။  ဤမည်သော အသက်အပိုင်းအခြားရှိခဲ့၏။  ထိုဘဝမှ စုတေခဲ့၍ ထိုဘဝ၌ ဖြစ်ပြန်ခဲ့၏။  ထိုဘဝ၌လည်း ငါသည် ဤမည်သော အမည်ဖြစ်ခဲ့၏။  ဤမည်သော အနွယ်ဖြစ်ခဲ့၏။  ဤမည်သော အဆင်းရှိခဲ့၏။  ဤမည်သော အသံရှိခဲ့၏။  ဤမည်သော ချမ်းသာ၊ ဆင်းရဲကို ခံစားခဲ့၏။  ဤမည်သော အသက်အပိုင်းအခြားရှိခဲ့၏။ ဟု အခြင်းအရာနှင့်တကွ မှတ်သားဖွယ် အမည်အနွယ်နှင့်တကွ များပြားသော ရှေး၌နေဘူးသော ဘဝတို.ကို အောက်မေ့နိုင်၏ ။  ယင်းသို. အောက်မေ့နိုင်ခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အထူးသဖြင့် သာလွန်သော၊ လူတို.၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူကုန်သော ဒိဗ္ဗစက္ခု ညာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသောလားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါ တို.ကို မြင်၏။  ကံအားလျော်စွာဖြစ်သော သတ္တဝါတို.ကို သိ၏။ ချစ်သား သာရိပုတြာ၊ သတ္တဝါတစ်ဦးတစ်ယောက်သည် မကောင်းသော ကာယကံ၊ ဝဇီကံ၊ မနောကံတို.ကို ပြုငှါးအံ့၊ အရိယာတို.ကို ပြစ်မှား ငှါးအံ့၊ မှားယွန်းသော မိစ္ဆာအယူရှိငှါးအံ့၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ မကောင်းသော သတ္တဝါတို.လားရောက်ရာ ငရဲသို. ကျရောက်ရလတ္တံ.။  သတ္တဝါ တစ်ဦးတစ်ယောက်သည် ကောင်းသော ကာယကံ၊ ဝဇီကံ၊ မနောကံတို.ကို ပြုငှါးအံ့၊ အရိယာတို.ကို မပြစ်မှား ငှါးအံ့၊ မှန်သော သမ္မာအယူရှိငှါးအံ့၊ ထိုသူသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော သတ္တဝါတို.လားရောက်ရာ သုဂတိဘုံဘဝသို. လားရောက်ရလတ္တံ.။  ယင်းသို. မြတ်စွာဘုရားသည် အထူးသဖြင့် သာလွန်သော၊ လူတို.၏ မျက်စိထက်သာလွန်သော နတ်မျက်စိနှင့် တူကုန်သော ဒိဗ္ဗစက္ခု ညာဏ်ဖြင့် သေဆဲ သတ္တဝါ၊ ဖြစ်ဆဲ သတ္တဝါ၊ ယုတ်သော သတ္တဝါ၊ မြတ်သော သတ္တဝါ၊ အဆင်းလှသော သတ္တဝါ၊ အဆင်းမလှသော သတ္တဝါ၊ ကောင်းသောလားရာရှိသော သတ္တဝါ၊ မကောင်းသော လားရာရှိသော သတ္တဝါ တို.ကို မြင်၏။  ကံအားလျော်စွာဖြစ်သော သတ္တဝါတို.ကို သိ၏။ ယင်းသို. သိတော်မူ၊ မြင်တော်မူခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် အာသဝေါတရားတို.၏ ကုန်ခြင်းကြောင့်  အာသဝေါတရားကင်းသော အရဟတ္တဖိုလ်စိတ်၊ အရဟတ္တဖိုလ်ညာဏ်သို. ယခုဘဝ၌ပင် ထူးသောညာဏ်ဖြင့် မျက်မှောက်ပြု၍ နေ၏။  ယင်းသို. မျက်မှောက်ပြု၍ နေခြင်းသည်လည်း မြတ်စွာဘုရား၏ အားမည်၏။  ယင်းအားကို စွဲ၍ မြတ်စွာဘုရားသည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။  ပရိတ်သတ်တို. အလယ်၌ ရဲဝံ့သော စကားကို မြွက်ဆို၏။  မြတ်သောတရား စကြာကို လည်စေ၏။

ကျမ်းကိုး။    ။မဟာသီဟနာဒသုတ္တန်

0 comments: