ချစ်သား သာရိပုတြာ၊ ငါဘုရားရှင်သည် ရဲရင့်သောဝေသာရဇ္ဇညာဏ်တော်(၄)ပါးနှင့် ပြည်.စုံ၍နေ၏။ ထိုရဲရင့်သောဝေသာရဇ္ဇညာဏ်တော်(၄)ပါးနှင့် ပြည်.စုံ၍နေခြင်းကြောင့် ငါဘုရားရှင်သည် မြင့်မြတ်ကြောင်းကို ဝန်ခံ၏။ ပရိတ်သတ်တို.အလယ်၌ ရဲဝံ့သောစကားကို မြွက်ဆို၏။ မြတ်သောတရားစကြာကိုလည်စေ၏။ မြတ်စွာဘုရား၏ ထိုရဲရင့်သော ဝေသာရဇ္ဇညာဏ်တော်(၄)ပါးတို.ဟူသည် အဘယ်နည်း?
(၁) အလုံးစုံသော တရားတို.ကို ထိုးထွင်းသိ၏ဟု ဝန်ခံသော ငါ့အား မြတ်စွာဘုရားသည် အလုံးစုံသော တရားတို.ကို ထိုးထွင်းမသိဟု စောဒနာမည်. ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ၊ ဗြဟ္မာ၌ဖြစ်စေ၊ မာရ်နတ်၌ဖြစ်စေ ငါမမြင်။ ထိုသို. မြင်တော်မမူသောကြောင့် ငါဘုရားသည် ချမ်းသာခြင်း၊ ဘေးမရှိခြင်း၊ ရဲဝံ့ခြင်းသို.ရောက်၍ နေ၏။
(၂) အလုံးစုံသော အာသဝေါတရားတို. ကုန်ခြင်းသို. ရောက်ပြီးဖြစ်သည်ဟု ဝန်ခံသော ငါ့အား မြတ်စွာဘုရားသည် အလုံးစုံသော အာသဝေါတရားတို. မကုန်နိုင်သေးဟု စောဒနာမည်. ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ၊ ဗြဟ္မာ၌ဖြစ်စေ၊ မာရ်နတ်၌ဖြစ်စေ ငါမမြင်။ ထိုသို. မြင်တော်မမူသောကြောင့် ငါဘုရားသည် ချမ်းသာခြင်း၊ ဘေးမရှိခြင်း၊ ရဲဝံ့ခြင်းသို.ရောက်၍ နေ၏။
(၃) မဂ်ဖိုလ်၏ အန္တရယ်ပြုတတ်သော တရားတို.ဟု ငါဟောကြားသောတရားတို.ကို ကျင့်ကြံသောသူအား ထိုတရားတို.သည် မဂ်ဖိုလ်၏ အန္တရယ်မပြုဟု စောဒနာမည်. ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ၊ ဗြဟ္မာ၌ဖြစ်စေ၊ မာရ်နတ်၌ဖြစ်စေ ငါမမြင်။ ထိုသို. မြင်တော်မမူသောကြောင့် ငါဘုရားသည် ချမ်းသာခြင်း၊ ဘေးမရှိခြင်း၊ ရဲဝံ့ခြင်းသို.ရောက်၍ နေ၏။
(၄) ဝဋ်ဆင်းရဲကုန်ခြင်းသို. ရောက်စေသောတရားတို.ဟု ငါဟောကြားသော တရားတို.ကို ကျင့်ကြံသောသူတို.အား အကြင်တရားတို.သည် ဝဋ်ဆင်းရဲကုန်ခြင်းသို. မထုတ်ဆောင်နိုင်ဟု စောဒနာမည်. ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် လူ၌ဖြစ်စေ၊ နတ်၌ဖြစ်စေ၊ ဗြဟ္မာ၌ဖြစ်စေ၊ မာရ်နတ်၌ဖြစ်စေ ငါမမြင်။ ထိုသို. မြင်တော်မမူသောကြောင့် ငါဘုရားသည် ချမ်းသာခြင်း၊ ဘေးမရှိခြင်း၊ ရဲဝံ့ခြင်းသို.ရောက်၍ နေ၏။
ကျမ်းကိုး။ ။သုတ္တန္တ ပိဋက၊ မဇ္ဈမနိကာယ၊ သီဟနာဒဝဂ်၊ မဟာသီဟနာဒသုတ္တန်။

0 comments:
Post a Comment