မြတ်သီလ၏အဆီသြဇာ

(၁)
သတ္တဝါတို.၏ကိလေသာအညစ်အကြေးကို ဂင်္ဂါမြစ်ရေ၊ယမုံနာမြစ်ရေ၊တဟဲဟဲမြည်နေသောသရဘူမြစ်ရေ၊ အစီရဝတီမြစ်ရေ၊ မဟီမြစ်ရေတို.ဖြင့်ဆေးကြောခြင်းဖြင့်မစင်ကြယ်နိုင်။ သီလဟူသော အမြိုက်ရေစင်ဖြင့်သာစင်ကြယ်နိုင်၏။

(၂)
သတ္တဝါတို.၏ရာဂစသောကိလေသာအပူအလောင်ကို မိုးရေနှင့်တကွရေအေးတို.သည်မငြိမ်းစေနိုင်။ စန္ဒကူးရွှေသည်လည်းကောင်း၊ ပုလဲသွယ်တို.သည်လည်းကောင်း၊ ကျောက်သံပတ္တမြားတို.သည်လည်းကောင်း၊ လရောင်ညွန်.တို.သည်လည်းကောင်း မငြိမ်းစေနိုင်။  ကောင်းစွာစောင့်တည်အပ်သောသီလဖြင့်သာငြိမ်းစေနိုင်၏။

(၃)
သီလသည်လေကြေ၊ လေညာထက်ဝန်းကျင်အညီအမျှမွှေးပြန်.နိုင်၏။  သီလနှင်.တူသောမွှေးရနံ.သည်အဘယ်မှာရှိပါသနည်း။

(၄)
နတ်ပြည်သို.တက်ရန်သီလနှင်.တူသောစောင်းတန်းလှေကားသည် မရှိ။

(၅)
နိဗ္ဗာန်မုတ်ဦးသို.ဝင်ရန်သီလနှင့်တူသောတံခါးပေါက်မည်သည်မရှိ။

(၆) ရွှေချပ်ဝတ်တန်ဆာတို.နှင်.စွဲမက်ဖွယ်သင်.တယ်သောနတ်မိမယ်ထက်သီလချပ်ဝတ်တန်ဆာဝတ်ရုံထားသောသူတော်စင်သည်ပို၍မြတ်၏။

(ရ)
သီလနှင့်ပြည်.စုံသူသည်မိမိကိုယ်ကိုယ်စွတ်စွဲသောအတ္တာနုဝါဒဘေးမှလည်းကင်းလွတ်၏။  ဂုဏ်သတင်းကျော်ဇောခြင်း၊ ရွင်ကြည်ဝမ်းမြောက်ခြင်းတို.သည်လည်း အလုံးစုံပြည်.စုံ၏။ မမေ့မလျော့ခြင်းကြောင့်ဖြစ်သောစည်းစိမ်အစုတို.သည်လည်းကောင်း၊ တစ်စုံတစ်ခုသောပရိတ်သတ်သို. ရဲဝံ့ကြည်သာရွှင်ပြစွာချဉ်းကပ်ဝင်ရောက်ခြင်းလည်းကောင်း၊ မတွေမဝေသေရခြင်းလည်းကောင်း၊ သုဂတိနတ်ပြည်သို.လည်းကောင်း၊ ချစ်ခင်ကြည်ညိုခံရသူ၊ မေတ္တာအပို.ခံရသူ၊ အလေးပြုခံရသူ၊ အချီးမွှမ်းခံရသူ၊ အာသဝေါကုန်ခမ်းခြင်းတို.သည်လည်းကောင်း အလုံးစုံပြည်.စုံပေလတ္တံ.။

(၈) သီလမှတစ်ပါး ထောက်တည်မှီတွယ်ရာသည်အဘယ်မှာရှိပါသနည်း။

ကျမ်းကိုး။  ။ မဟာစည်ဆရာတော်ဘုရားကြီး၏ ဝိသုဒ္ဓိမဂ်မြန်မာပြန်ပထမတွဲ။

0 comments: