ကမ္ဘာလောက၊သတ္တဝါလောကဖြစ်တည်ပုံ အဦးအစ

မဟူရာညသား အဇဋာပြင်အောက်  တိမ်တိုက်တို. ဝိုးတဝါးစီးမျောနေကြသည်
ကမ္ဘာလောက၏ အစမထင်သံသရာစက်ဝန်းသည် ဖြစ်တည်၍ လာခဲ့ပြီ
အဘယ်အခြင်းအရာကြောင့် ဤကမ္ဘာလောကသည် ဖြစ်တည်၍ လာခဲ့သနည်း?
ဘုရားမြတ်က နှူတ်မြွက်ဟောကြားခဲ့သည်
ဤကမ္ဘာလောကအစသည် ဥတုတေဇောကြောင့်သာ ဖြစ်တည်၍ လာခဲ့တာတဲ့။
အဲဒါ ကမ္ဘာမြေဖြစ်တည်ပုံ အဦးအစ။

မဟူရာညသား အဇဋာပြင်အောက်  တိမ်တိုက်တို. ဝိုးတဝါးစီးမျောနေကြသည်
သတ္တဝါတို. ဖြစ်တည်ပုံ အဦးအစသည် မငဲ့လင့် နိုင်သေး
ထိုအခိုက်------
အဝိဇ္ဇာ အမိုက်တိုက် မာရ်မင်း၏ သေနာပတိချုပ်သည် ဥပပါတ် ဖွါးမြင်ခဲ့ ပြီ
အဲဒါ သတ္တဝါဖြစ်တည်ပုံ အဦးအစ။

အဝိဇ္ဇာဟူသည်-------------
ဒုက္ခသစ္စာ( ဆင်းရဲခြင်းအမှန်တရား) ကို ပိုင်းခြား၍ မသိတာ
ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာကို ပယ်ခြင်းအားဖြင့် မသိတာ
ဒုက္ခချုပ်ရာ နိရောဓသစ္စာကို မျက်မှောက်ပြုခြင်းအားဖြင့် မသိတာ
ဒုက္ခချုပ်ရာ နိရောဓသစ္စာသို. ရောက်ကြောင်း အကျင့်လမ်းမှန် မဂ္ဂပဋိပဒါသို. ပွါးသောအားဖြင့် မသိတာ

ဒါကြောင့်------
ထို အဝိဇ္ဇာဝယ် ထပ်ဆင့် တဏှာနတ်သမီးသည် သတ္တဝါတို. မိခင်အနေဖြင့် ပေါ်ထွန်းလာခဲ့ပြီ

အကြင်သံသရာစက်ဝန်း တံဇက်မြိတ်တို. အလုံးစုံ ပယ်ဖျက်ချင်သလား?
အဝိဇ္ဇာမှ ဝိဇ္ဇာပြောင်းလိုက်
အလွယ်လေးပါ
ဖြစ်ဖြစ်သမျှ သင့်ရုပ်တရား ကျားကဲ့သို. အလုံးစုံစောင့်ကြည်.ကျန်တာဓမ္မအပိုင်း
ဖြစ်ဖြစ်သမျှ သင့်နာမ်တရား ကျားကဲ့သို. အလုံးစုံစောင့်ကြည်.ကျန်တာဓမ္မအပိုင်း။
ဤတွင် ပါရမီမြောက်ဘာဝနာကုသိုလ်ကို အလုံးစုံ ဆိုလိုသည်။


ကျမ်းကိုး။       ။  ဓမ္မဒူတဆရာတော်ဘုရားကြီး အရှင်ပညာဇောတ၏ ကမ္ဘာအစ၊ သတ္တဝါအစတရားတော်အား မှီငြမ်းရေးသားပါသည်။

0 comments: