အခါတစ်ပါး
ဝိသာခ ဥပဿကာသည် ဓမ္မဒိန္တွာရဟန်းမိန်းမထံသို. ချဉ်းကပ်၍ အမေးပုစ္ဆာမေးလျှောက်ခဲ့ရာဝယ် ဓမ္မဒိန္တွာရဟန်းမိန်းမက-------
ဒါယကာ ဝိသာခ သက္ကာယဟူသည် ဥပါဒါနက္ခန္ဓာငါးပါးတို.ပင်တည်း။
ဒါယကာ ဝိသာခ သက္ကာယဖြစ်ရာဟူသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွဲမှူ နန္ဒီရာဂနှင့်တကွ ဖြစ်သော ထိုထို ဘုံဘဝတို.၌ ကာမဂုဏ်ကို တပ်မက်မှူ ကာမတဏှာ၊ ဘုံဘဝတို.ကို တပ်မက်မှူ ဘဝတဏှာ၊ ဘုံဘဝကင်းပြတ်မှူကို တပ်မက်မှူ ဝိဘဝတဏှာတို.ပင်တည်း။
ဒါယကာ ဝိသာခ သက္ကာယချုပ်ရာဟူသည် တပ်မက်မှူတဏှာ၏ သာလျှင် အကြွင်းမဲ့ တပ်စွဲခြင်း ကင်းသောအားဖြင့် တပ်မက်မှူတဏှာ၏ ချုပ်ရာ၊ စွန်.ပြစ်ရာ၊ လွတ်မြောက်ရာ၊ တဖန်စွန်.ပြစ်ရာ၊ တွယ်တာ ကပ်ငြိမှူမရှိရာ နိဗ္ဗာန်ပင်တည်း။
ဒါယကာ ဝိသာခ သက္ကာယချုပ်ရာ နိဗ္ဗာန်သို.ရောက်ကြောင်းအကျင့်ဟူသည် အင်္ဂါရှစ်ပါးရှိသော မဂ်ပင်တည်း။
ဒါယကာ ဝိသာခ အင်္ဂါရှစ်ပါးရှိသော မဂ်ဟူသည် မှန်စွာမြင်ခြင်း၊ မှန်စွာ ကြံစည် ခြင်း၊ မှန်စွာ ပြောဆိုခြင်း၊ မှန်စွာ ပြုမူခြင်း၊ မှန်စွာ အသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာ အောက်မေ့ခြင်း၊ မှန်စွာ တည်ကြည်ခြင်းတို.ပင်တည်း။
ဒါယကာ ဝိသာခ လိုချင်တပ်မက်မှူဆန္ဒရာဂသည်ပင် ခန္ဒာငါးပါးတို.၌ ပြင်းစွာစွဲလန်းခြင်း ဥပါဒါန်ပင်တည်း။
ဒါယကာ ဝိသာခ အရိယာသူတော်ကောင်းတို.ကို ဖူးမြင်လေ့မရှိသူ၊ အရိယာသူတော်ကောင်းတရားတို.၌ မယဉ်ကျေးသော၊ မကျွမ်းကျင်သောသူသည် ဥပါဒါနက္ခန္ဓာငါးပါးကို အတ္တုဟုယူ၏။ အတ္တုကို ဥပါဒါနက္ခန္ဓာငါးပါးဟုယူ၏။ အတ္တ၌ ဥပါဒါနက္ခန္ဓာငါးပါးဟုယူ ၏။ ဥပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟုယူ၏။ ဒါယကာဝိသာခ ဤသို.လျှင် သက္ကာယဒိဋ္ဌိသည် ဖြစ်၏။
ဒါယကာ ဝိသာခ အရိယာသူတော်ကောင်းတို.ကို ဖူးမြင်လေ့ရှိသူ၊ အရိယာသူတော်ကောင်းတရားတို.၌ ယဉ်ကျေးသော၊ ကျွမ်းကျင်သောသူသည် ဥပါဒါနက္ခန္ဓာငါးပါးကို အတ္တုဟုမယူ။ အတ္တုကို ဥပါဒါနက္ခန္ဓာငါးပါးဟုမယူ။ အတ္တ၌ ဥပါဒါနက္ခန္ဓာငါးပါးဟုမယူ။ ဥပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟုမယူ။ ဒါယကာဝိသာခ ဤသို.လျှင် သက္ကာယဒိဋ္ဌိသည် မဖြစ်။
ဒါယကာ ဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် သင်္ခတတရားပင်တည်း။
ဒါယကာ ဝိသာခ အစုခန္ဓာသုံးပါးဖြင့် မြတ်သော အဂါင်္ရှစ်ပါးရှိသောမဂ်ကို သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတရားတို.ကို သီလခန္ဓာဖြင့် သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိတရားတို.ကို သမာဓိခန္ဓာဖြင့် သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတရားတို.ကို ပညက္ခန္ဓာဖြင့် သိမ်းယူရ၏။
ဒါယကာ ဝိသာခ စိတ်အာရုံတစ်မျိုးတည်း ဖြစ်ခြင်းသည် သမာဓိမည်၏။
ဒါယကာ ဝိသာခ အောက်မေ့မှူသတိထင်ခြင်း သတိပဋ္ဌာန်လေးပါးသည် သမာဓိနိမိတ်မည်၏။
ဒါယကာ ဝိသာခ သမ္မပ္ပဋ္ဌာန် လေးပါးသည် သမာဓိ၏ အခြံအရံမည်၏။
ဒါယကာ ဝိသာခ အလုံးစုံသော ဤသမာဓိတရားတို.အား ပွါးများခြင်းသည် တည်ကြည်မှူ သမာဓိကို ပွားများခြင်းမည်ပေ၏။
ဒါယကာ ဝိသာခ ကိုယ်၌စပ်၍ဖြစ်သော ထွက်သက်ဝင်သက်သည် ကာယသခါင်္ရမည်၏။
ဒါယကာ ဝိသာခ ရှေးဦးကပင် စိတ်၌ဖြစ်၍နောက်မှ စကားပြောရသောကြောင့် ဝိတက်၊ဝိစာရသည် ဝဇီသခါင်္ရမည်၏။
ဒါယကာ ဝိသာခ စိတ်၌ဖြစ်သော သညာ၊ဝေဒနာသည် စိတ္တသခါင်္ရမည်၏။
ဒါယကာ ဝိသာခ နိရောဓသမာပါတ်ဝင်စားသော အခါ ဝဇီသခါင်္ရသည် ရှေးဦးစွာချုပ်၏။ ထို.နောင် ကာယသခါင်္ရသည် ချုပ်၏။ ထို.နောင် စိတ္တသခါင်္ရသည်ချုပ်၏။
ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထသော အခါ စိတ္တသခါင်္ရသည် ရှေးဦးစွာဖြစ်၏။ ထို.နောင် ကာယသခါင်္ရသည် ဖြစ်၏။ ထို.နောင် ဝဇီသခါင်္ရသည်ဖြစ်၏။
ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထလျှင်ထချင်း သုညတဖဿသည်ရှေးဦးစွာ တွေ.ထိ၏။ ထို.နောင် အာရုံနိမိတ်မရှိသော အနိမိတ္တဖဿသည် တွေ.ထိ၏။ ထို.နောင် တောင့်တမှူ မရှိသော အပ္ပဏိဟိတ ဖဿသည်တွေ.၏။
ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထလျှင်ထချင်း စိတ်သည် ကင်းဆိတ်မှူ ဝိဝေကချမ်းသာ နိဗ္ဗာန်သို. ညွတ်ကိုင်း ရှိုင်း၏။
ဒါယကာ ဝိသာခ ခံစားခြင်းဝေဒနာဟူသည် ချမ်းသာခံစားခြင်း၊ဆင်းရဲခံစားခြင်း၊ ဆင်းရဲမဟုတ်ချမ်းသာ မဟုတ် ခံစားခြင်းပေတည်း။
ဒါယကာ ဝိသာခ ချမ်းသာခံစားခြင်းသည် တည်ဆဲအခါ ချမ်းသာ၏။ ဖောက်ပြန်ပြောင်းလဲခြင်းဖြင့် ဆင်းရဲ၏။ ချမ်းသာခံစားခြင်း၌ ရာဂါနုသယသည် ကိန်းဝပ်၏။ ရူပါဝစရ ပထမဈာဉ် သမာပါတ်ဖြင့် ထိုရာဂါနုသယအား ပယ်သတ်ရာ၏။
ဒါယကာ ဝိသာခ ဆင်းရဲခံစားခြင်းသည် တည်ဆဲအခါ ဆင်းရဲ၏။ ဖောက်ပြန်ပြောင်းလဲခြင်းဖြင့် ချမ်းသာ၏။ ဆင်းရဲခံစားခြင်း၌ ပဋိဃာနုသယသည် ကိန်းဝပ်၏။ အရဟတ္တဖိုလ်ကို လိုချင်တောင့်တခြင်းကြောင့်ဖြစ်သော ဒေါမနဿဖြင့်ထိုပဋိဃာနုသယအား ပယ်သတ်ရာ၏။
ဒါယကာ ဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားခြင်း ဝေဒနာသည် သိသောအခါချမ်းသာ၏။ မသိသောအခါ ဆင်းရဲ၏။ ဒါယကာ ဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ် ခံစားခြင်းဝေဒနာ၌ အဝိဇ္ဇာနုသယသည် ကိန်းဝပ်၏။ စတုတ္ထဈာန်သမာပါတ်ဖြင့် ထိုအဝိဇ္ဇာနုသယကို ပယ်သတ်ရာ၏။
ဒါယကာ ဝိသာခ ချမ်းသာခြင်း၏ ပြိုင်ဘက်သည် ဆင်းရဲခြင်းဖြစ်၏။
ဒါယကာ ဝိသာခ ဆင်းရဲခြင်း၏ ပြိုင်ဘက်သည် ချမ်းသာခြင်းဖြစ်၏။
ဒါယကာ ဝိသာခ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ခြင်း၏ ပြိုင်ဘက်သည် မသိမှူ အဝိဇ္ဇာဖြစ်၏။
ဒါယကာ ဝိသာခ မသိမှူ အဝိဇ္ဇာ၏ ပြိုင်ဘက်သည် သိမှူဝိဇ္ဇာဖြစ်၏။
ဒါယကာ ဝိသာခသိမှူ ဝိဇ္ဇာ၏ ပြိုင်ဘက်သည် လွတ်မြောက်မှူ ဝိမုတ္တိဖြစ်၏။
ဒါယကာ ဝိသာခလွတ်မြောက်မှူ ဝိမုတ္တိ ၏ပြိုင်ဘက်သည် ငြိမ်းအေးမှူနိဗ္ဗာန် ဖြစ်၏။

0 comments:
Post a Comment