ဩဃတရဏီ

အခါတစ်ပါး အမျိုးအမည်မထင်ရှားသော နတ်သားတစ်ပါးသည် ဇေတဝန်ကျောင်းတော်သို. နတ်တို.၏ ကိုယ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေလျက် မြတ်စွာဘုရားထံသို. ချဉ်းကပ်၍ ရှိခိုးပြီးသော် သင့်တင့်သောနေရာ၌ ရပ်လျက်---
အရှင်ဘုရား၊ အရှင်ဘုရားသည် အဘယ်သို.လျှင် သံသရာ အလျင်ဩဃကို ကူးမြောက်ခဲ့ပါသနည်းဟု လျှောက်၏။

ထိုအခါ မြတ်စွာဘုရားက
`ဒါယကာနတ်သား၊ ငါသည် ရပ်တည်၍လည်းမနေပဲ အားထုတ်၍လည်းမနေပဲ သံသရာဝဲဩဃမှ ကူးမြောက်ခဲ့၏။  ဒါယကာနတ်သား၊ ငါသည် အကြင်အခါ၌ ရပ်တည်၍်နေ၏။  ထိုအခါမြှပ်၏။  အကြင်အခါ အားထုတ်၍နေ၏။  ထိုအခါ မျောပါရ၏။  ဒါယကာနတ်သား ဤသို.လျှင် ငါသည် ရပ်တည်၍လည်းမနေပဲ အားထုတ်၍လည်း မနေပဲ သံသရာဝဲဩဃမှ ကူးမြောက်ခဲ့၏` ဟု မြွက်ဆိုခဲ့ပြီ။ 

ရှင်းတမ်း။      ။ ရပ်တည်နေခြင်းသည် ကာမသုခလ္လိကာနုရောဂ ကျင့်စဉ်ကို ဆိုလိုသည်။
                     အားထုတ်နေခြင်းသည် အတ္တကိလ္လမထာနုရောဂ ကျင့်စဉ်ကို ဆိုလိုသည်။
                     ရပ်တည်၍လည်းမနေပဲ အားထုတ်၍လည်း မနေပဲဟူသည် မဇ္ဈိမပဋိပဒါကျင့်စဉ်ကို ဆိုလိုသည်။

0 comments: