ဣတ္ထိယတို. ဝမ်းမြောက်ဖွယ် သောမာထေရီဘိက္ခူနီမ၏ ဓမ္မဂီတ

သောမာထေရီဘိက္ခူနီမသည် “ ဟယ်---ယုတ်မာလှစွာသောမာရ်နတ်၊ သမာဓိလျှင် အဦးအစရှိသော စိတ်သည် ဥပစာရ၊ အပ္ပနာအနေဖြင့် လေငြိမ်ရာ၌ ထွန်းထားအပ်သောဆီမီးတိုင်ကဲ့သို. ငြိမ်သက်နေလျှင်သော်လည်းကောင်း၊ ဝိပဿနာညာဏ်သည် မိမိသန္တာန်စဉ်ဝယ် ဖြစ်လတ်သည် ရှိသော်လည်းကောင်း၊ ဤသမာဓိ၊ ဝိပဿနာ၂ပါး အကြာင်းပြု၍ ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂမည်ထိုက် သစ္စာ၎လီ မြတ်သဉ္စာလီကို ထိုးထွင်းသိမြင်နိုင်သော အရိယာမဂ်ညာဏ်သည် ဖြစ်ပေါ်လတ်သည်ရှိသော် မဂ္ဂန္တရယ်၊ တက္ကန္တရယ်လည်း မဟုတ်သော ဣတ္ထိဘာဝရုပ်သည် အဘယ်မှာ ပြုနိုင်ပါအံ့နည်း။  သင်မာရ်နတ်သားသည် တဏှာ၊ဒိဋ္ဌိ၊ မာန အစွဲမလွတ်သေးသော အမှတ်မထင် အကြင်သူတို.အားသာ ဆန္ဒာဓိပတိ၊ ဝိရိယာဓိပတိ၊ စိတ္တာဓိပတိ၊ ဝီမံသာဓိပတိ ၄ပါးခွန်အားနှင့် ပြည်.စုံသော ယောက်ကျားမြတ်တို. အားသာ အကြင်အထွဍ်အထိပ် အရဟတ္တဖိုလ်တရားထူးကို ရနိုင်၏ဟု ပြောကြားသင့်၏ ။  ငါကဲ့သို. တဏှာ၊မာန။ ဒိဋ္ဌိ အစွဲလွတ်ပြီးသော ပုဂ္ဂိုလ်မြတ်အား သင်သည် အကြင်စကားဖြင့် ပြောကြားခြင်းဌာ အဘယ်အကျိုးရှိအံ့နည်း။“  ဟုရဲဝံ့စွာ ကြွေးကြော်ခဲ့ပြီ။

0 comments: