စာလာထေရီသည် “ ဟယ်---ယုတ်မာလှစွာသော မာရ်နတ်၊ ငါသည်ကား ဇာတိဟူသော ဘဝပဋိသန္ဓေနေရခြင်း ဒုက္ခတရားကို စက်ဆုပ်သောကြောင့် ဤသာသနာဝင်ထမ်း ရဟန်းပြုခြင်း ဖြစ်သည်။ ဇာတိဟူသော ဘဝပဋိသန္ဓေဒုက္ခမကင်းသော သူအား မြေကြီးလက်ခတ်မလွဲ မရဏသေခြင်းတရားသည် ဧကန်ကျရောက်ရမည်မှာ မလွဲ။ ဇာတိပဋိသန္ဓေနေရခြင်းကြောင့် နှောင်ဖွဲ.ခြင်း၊ သတ်ပုတ်ခြင်း၊ အခြားညစ်ညူးဖွယ်တရားတို.သည်လည်း ကျရောက်ရလတ္တံ.။ ဟယ်---ယုတ်မာလှစွာသော မာရ်နတ်၊ သစ္စာ ၄ ဝ၊ ညေယျ၅တန် တရားမှန်တို.ကို မကျန်ထိုးထွင်း အလင်းကုန်စင် ကိုယ်တော်တိုင် သိတော်မူသော သဗ္ဗေညုရှင်တော်ဗုဒ္ဓသည် ဇာတိပဋိသန္ဓေနေရခြင်း ဒုက္ခမှ လည်းကောင်း၊ အလုံးစုံသော ခန္ဓဒုက္ခမှ လည်းကောင်း၊ ထွက်မြောက်ရာ ပရမတ္ထနိဗ္ဗာန်သို. ငါ့အား ပို.ဆောင်ပြီး ဖြစ်သည်။ မြတ်သော ဈဉ်သမာပါတ်တို.၏ အစွမ်းဖြင့် ဗြဟ္မာဘဝ ပဋိသန္ဓေနေသော သူပင်သော်လည်း ဇာတိပဋိသန္ဓေ ဒုက္ခမကင်းသဖြင့် နောင်တဖန် ကာမပဋိသန္ဓေ ဒုက္ခဆင်းရဲတို.မှ မလွတ်မြောက်နိုင်ကုန်။ ငါတမူကား သံသရာအုတ်မြစ်ကို ဖြိုဖျက်ပြီး ဖြစ်သည်။ ဘဝပဋိသန္ဓေနေမှူကုန်ပြီ။ မဂ်ကိစ္စ အလို.ငှါ အခြားသော ပြုဖွယ် ကိစ္စမရှိတော့ပြီ“ ဟု ဤဓမ္မဂီတကို ဟောမြွက်ခဲ့ပြီ။
မှတ်ချက်။ ။ စာလာထေရီဘိက္ခူနီိမသည် ဓမ္မသေနာပတိ အရှင်သာရိပုတြာ၏ ညီမငယ်ဖြစ်သည်။ ပရမတ္ထနိဗ္ဗာန်သို. မြတ်ဘုရားက စာလာထေရီအားပို.ဆောင်သည် ဆိုရာ၌ ထိုနိဗ္ဗာန်သို. ရောက်ကြောင်း အဋ္ဌင်္င်ဂိက မဂ္ဂင် အကျင့်တရားကို မြတ်စွာဘုရား မိန်.မြွက်ချက်အတိုင်း တသွေမကွာ ကျင့်ကြံသောကြောင့် စာလာထေရီသည် အမြိုက်နိဗ္ဗာန်သို. မြန်းဆိုက်သည်ဟုမှတ်ပါ။

0 comments:
Post a Comment