မဟာဝေဒလ္လသုတ္တန်အနှစ်ချူပ်

အခါတစ်ပါး ဓမ္မသေနာပတိ အရှင်သာရိပုတြာသည် အရှင်မဟာကောဋ္ဌိကအား ဤသို. မိန်.ဆိုခဲ့သည်။  အဘယ်သို.လျှင်-----

ငါ့ရှင် အပြားအားဖြင့် မသိတတ်၊ အပြားအားဖြင့် မသိတတ်သော အကြောင်းကြောင့် ပညာမဲ့သူဟုဆိုရာ၏။

ငါ့ရှင် ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့် မသိတတ်

ငါ့ရှင် ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် မသိတတ်

ငါ့ရှင် ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် မသိတတ်

ငါ့ရှင် ဤကား ဆင်းရဲချုပ်ရာသို.ရောက်ကြောင်းအကျင့်တည်းဟု အပြားအားဖြင့် မသိတတ်

ငါ့ရှင် ဤသို. အပြားအားဖြင့် မသိတတ်၊ အပြားအားဖြင့် မသိတတ်သော အကြောင်းကြောင့် ပညာမဲ့သူဟုဆိုရာ၏။

 ငါ့ရှင် အပြားအားဖြင့် သိတတ်၊ အပြားအားဖြင့် သိတတ်သော အကြောင်းကြောင့် ပညာရှိသူဟုဆိုရာ၏။

ငါ့ရှင် ဤကား ဆင်းရဲတည်းဟု အပြားအားဖြင့် သိတတ်

ငါ့ရှင် ဤကား ဆင်းရဲဖြစ်ကြောင်းတည်းဟု အပြားအားဖြင့် သိတတ်

ငါ့ရှင် ဤကား ဆင်းရဲချုပ်ရာတည်းဟု အပြားအားဖြင့် သိတတ်

ငါ့ရှင် ဤကား ဆင်းရဲချုပ်ရာသို.ရောက်ကြောင်းအကျင့်တည်းဟု အပြားအားဖြင့် သိတတ်

ငါ့ရှင် ဤသို. အပြားအားဖြင့် သိတတ်၊ အပြားအားဖြင့် သိတတ်သော အကြောင်းကြောင့် ပညာရှိသူဟုဆိုရာ၏။

ငါ့ရှင် အထူးသိတတ်၊ အထူးသိတတ်သော အကြောင်းကြောင့် ဝိညာဏ်ဟုဆိုရာ၏။

ငါ့ရှင် ဤကား ဆင်းရဲတည်းဟု အထူးသိတတ်

ငါ့ရှင် ဤကား ချမ်းသာတည်းဟု အထူးသိတတ်

ငါ့ရှင် ဤကား ဆင်းရဲမဟုတ်ချမ်းသာမဟုတ်ဟု အထူးသိတတ်

ငါ့ရှင် ဤသို. အထူးသိတတ်၊ အထူးသိတတ်သော အကြောင်းကြောင့် ဝိညာဏ်ဟုဆိုရာ၏။

ငါ့ရှင် ပညာနှင့် ဝိညာဏ်တရားတို.သည် ရောနှောကုန်၏။  အသီးသီးပြု၍ ခြားနားချက်ကို ပိုင်းခြားပညတ်၍ မရနိုင်ကုန်။

ငါ့ရှင် အပြားအားဖြင့် သိသောအရာကိုပင် အထူးသိ၏။

ငါ့ရှင် ပညာကို ပွါးများရ၏။  ဝိညာဏ်ကို ပိုင်းခြားသိရ၏။

ငါ့ရှင် မှတ်သားတတ်၊ မှတ်သားတတ်သော အကြောင်းကြောင့် သညာဟုဆိုရာ၏။

ငါ့ရှင် ဤ ကား အညိုဟုမှတ်သားတတ်

ငါ့ရှင် ဤ ကား အရွှေဟုမှတ်သားတတ်

ငါ့ရှင် ဤ ကား အနီဟုမှတ်သားတတ်

ငါ့ရှင် ဤ ကားအဖြူဟုမှတ်သားတတ်

ငါ့ရှင် ဤသို. မှတ်သားတတ်၊ မှတ်သားတတ်သော အကြောင်းကြောင့် သညာဟုဆိုရာ၏။

ငါ့ရှင် ခံစားတတ်၊ ခံစားတတ်သော အကြောင်းကြောင့် ဝေဒနာဟုဆိုရာ၏။

ငါ့ရှင် ဤကား ဆင်းရဲတည်းဟု ခံစားတတ်

ငါ့ရှင် ဤကား ချမ်းသာတည်းဟု ခံစားတတ်

ငါ့ရှင် ဤကား ဆင်းရဲမဟုတ် ချမ်းသာမဟုတ်တည်းဟု ခံစားတတ်

ငါ့ရှင် ဤသို. ခံစားတတ်၊ ခံစားတတ်သော အကြောင်းကြောင့် ဝေဒနာဟုဆိုရာ၏။

ငါ့ရှင် ဝေဒနာ၊သညာ၊ ဝိညာဏ်တရားတို.သည် ရောနှောကုန်၏။  အသီးသီးပြု၍ ခြားနားချက်ကို ပိုင်းခြားပညတ်၍ မရနိုင်ကုန်။

ငါ့ရှင် ဝေဒနာသည် အာရုံကို ခံစား၏။  ခံစားသော အာရုံကိုပင် သညာသည် မှတ်သား၏။  မှတ်သားသော အာရုံကို ပင် ဝိညာဏ်သည် အထူးသိ၏။

ငါ့ရှင် ဣနြေ္ဒငါးပါးတို.မှ လွတ်သော အထူးသိမှူ စတုတ္ထ ဈာန်စိတ်ဖြင့် ကောင်းကင်သည် အဆုံးမရှိဟု သိအပ်သော အာကာသာနဉ္စာယတနသမာပါတ်၊ ဝိညာဏ်သည် အဆုံးမရှိဟုသိအပ်သော ဝိညာဏာနဉ္စာယတနသမာပါတ်၊ စိုးစဉ်းမျှမရှိဟု သိအပ်သော အာကိံည္စာယတနသမာပါတ်ကို ပညာဖြင့် အပြားအားဖြင့် သိအပ်၏။

ငါ့ရှင် ပညာသည် အထူးသိခြင်းအကျိုးရှိ၏။  ပိုင်းခြား၍ သိခြင်းအကျိုးရှိ၏။  ပယ်စွန်.ခြင်းအကျိုးရှိ၏။

ငါ့ရှင် သူတစ်ပါး တရားသံနှင့် အသင့်အားဖြင့် နှလုံးသွင်းခြင်းသည် မှန်သော သမ္မာဒိဋ္ဌိဖြစ်ရန် အကြောင်းတည်း။

ငါ့ရှင် စောင့်စည်းမှူ(သီလ)၊ တရားနာကြားမှူ၊ ကမ္မဋ္ဌာန်းဆွေးနွေးမှူ၊ ဈာန်သမာပါတ်နှင့် အထူးရှူမှူ ဝိပဿနာ အထောက်အပံ့ရသော မှန်သော သမ္မာဒိဋ္ဌိသည် အရဟတ္တဖိုလ်စိတ်၊ အရဟတ္တဖိုလ်အကျိုးငှါဖြစ်၏။

ငါ့ရှင် ဘဝတို.သည် ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝတို.မည်ပေတည်း။

ငါ့ရှင် မသိမှူ အဝိဇ္ဖာ၊ တပ်မက်နှောင်ဖွဲ.မှူတဏှာကြောင့် ဘဝသစ်သည် ထင်ရှားဖြစ်ပေါ်၏။

ငါ့ရှင် မသိမှူ အဝိဇ္ဖာကင်းခြင်း၊သိမှူဝိဇ္ဇာဖြစ်ခြင်း ၊ တပ်မက်နှောင်ဖွဲ.မှူတဏှာကင်းခြင်းကြောင့် ဘဝသစ်သည် ထင်ရှားမဖြစ်ပေါ်။

ငါ့ရှင် ပထမဈာန်သမာပါတ်သည် လိုချင်တပ်မက်မှူကာမစ္ဆန္ဒ၊ ဖျက်ဆီးမှူ ဗျာပါဒ၊ ထိုင်းမှိုင်းမှူထိနမိတ္တ၊ ပျံ.လွင့် မှူဥဒ္ဒစ္စ၊ နောင်တတဖန်ပူပန်မှူဣဣုစ္စ၊ သို.လောသို.လော တွေးတောမှူ ဝိစိကိစ္ဆာတို.ကိုပယ်၏။

ငါ့ရှင် ပထမဈာန်သမာပါတ်သည် ကြံစည်မှူဝိတက်၊ သုံးသပ်ဆင်ခြင်မှူဝိစာရ၊ နှစ်သိမ့်မှူ ပီတိ၊ ချမ်းသာမှူသုခ၊ တည်ကြည်မှူ ဧကဂ္ဂတာ ဤအဂါင်္၅ပါးတို.နှင့်  ပြည်.စုံ၏။

ငါ့ရှင် ဣနြေ္ဒ၅ပါးတို.သည် မျက်စိဣနြေ္ဒ၊ နားဣနြေ္ဒ၊ နှာခေါင်းဣနြေ္ဒ၊ လျှာဣနြေ္ဒ။ ကိုယ်ဣနြေ္ဒတို.ပင်တည်း။

ငါ့ရှင် ဣနြေ္ဒ၅ပါးတို.သည် အသီးသီးကျက်စားရာအာရုံရှိကုန်၏။  တစ်ပါးသည် တစ်ပါး၏ ကျက်စားရာအာရုံကို မခံစားကုန်။

ငါ့ရှင် ဣနြေ္ဒ၅ပါးတို.၏ အားထားရာသည် ဇောစိတ်ပင်တည်း။  ဇောစိတ်သည်ပင် ထို ဣနြေ္ဒ၅ပါးတို.၏ အသီးသီး အာရုံကို ခံစား၏။

ငါ့ရှင် ဣနြေ္ဒ၅ပါးတို.သည် အသက်ဇီဝိတိနြေ္ဒကို စွဲ၍တည်ကုန်၏။

ငါ့ရှင် အသက်ဇီဝိတိနြေ္ဒသည် ကိုယ်ငွေ.ကမ္မဇတေဇောကို စွဲ၍တည်ကုန်၏။  ကိုယ်ငွေ.ကမ္မဇတေဇောသည် အသက်ဇီဝိတိနြေ္ဒကို စွဲ၍တည်ကုန်၏။   ဆီမီးလျှံနှင့် အလင်းရောင်ကဲ့သို.ပင်တ ည်း။

ငါ့ရှင် အသက်ကတခြား၊ ခံစားတတ်သော သဘောကတစ်ခြားပင်တည်း။
အသက်သည်ပင်ခံစားတတ်သောသဘောဆိုလျှင် နိရောဓသမာပါတ်မှထခြင်းမည်သည် မထင်ရှားနိုင်ကုန်။

ငါ့ရှင် ဇီဝိတိနြေ္ဒ၊ဝိညာဏ်၊ ကိုယ်ငွေ.ကမ္မဇတေဇောဟူသောတရားတို.ချုပ်လျှင် ဤကိုယ်ကောင်သည် ထင်းတုံးကဲ့သို.ဖြစ်၍ သေဆုံးရာ၏။

ငါ့ ရှင် သေဆုံးသူသည် စိတ်အပြုခံသညာ၊ဝေဒနာချုပ်၏။
သေဆုံးသူသည် ထွက်သက်ဝင်သက်ချုပ်၏။
သေဆုံးသူသည် ဝိတက်၊ဝိစာရဆိုသော ဝဇီသခါင်္ရချုပ်၏။
သေဆုံးသူသည် ဣနြေ္ဒတို.သည် ချုပ်ကုန်၏။
သေဆုံးသူသည် ဇီဝိတိနြေ္ဒချုပ်၏။
သေဆုံးသူသည်  ကိုယ်ငွေ.ကမ္မဇတေဇောချုပ်၏။

ငါ့ရှင် နိရောဓသမာပါတ်ဝင်စားနေခိုက်
စိတ်အပြုခံသညာ၊ဝေဒနာ၊  ဝိတက်၊ဝိစာရဆိုသော ဝဇီသခါင်္ရ၊ ထွက်သက်ဝင်သက်တရားတို.သည် ချုပ်၏။
ဣနြေ္ဒတို.သည် အထူးကြည်လင်ကုန်၏။
ဇီဝိတိနြေ္ဒသည်မချုပ်၊ ကိုယ်ငွေ.ကမ္မဇတေဇောသည် မချုပ်။

ငါ့ရှင် အလုံးစုံသော အာရုံနိမိတ် ကိုနှလုံးမသွင်းခြင်း၊ သခါင်္ရနိမိတ်မရှိရာ နိဗ္ဗာန်သို. နှလုံးသွင်းခြင်းဟူသော အကြောင်းနှစ်ပါးသည် သခါင်္ရအာရုံနိမိတ်မရှိသော လွတ်မြောက်သောစိတ် ဖလသမာပါတ်၏ အကြောင်းတည်း။

ငါ့ရှင် ရှေးဦးကပင် မည်မျှဝင်စားမည်ဟု နှလုံးသွင်းခြင်း၊ အလုံးစုံသော အာရုံနိမိတ် ကိုနှလုံးမသွင်းခြင်း၊ သခါင်္ရနိမိတ်မရှိရာ နိဗ္ဗာန်သို. နှလုံးသွင်းခြင်းဟူသော အကြောင်း၃ပါးသည် သခါင်္ရအာရုံနိမိတ်မရှိသော လွတ်မြောက်သောစိတ် ဖလသမာပါတ်တည်တံ့ရန် အကြောင်းတည်း။

ငါ့ရှင် သခါင်္ရအာရုံနိမိတ်ကို နှလုံးသွင်းခြင်း၊ သခါင်္ရနိမိတ်မရှိရာ နိဗ္ဗာန်သို. နှလုံးမသွင်းခြင်း ဤအကြောင်းနှစ်ပါးသည်  သခါင်္ရအာရုံနိမိတ်မရှိသော လွတ်မြောက်သောစိတ် ဖလသမာပါတ်မှ ထရန်အကြာင်းတည်း။

 ကျမ်းကိုး၊   ။ မဟာဝေဒလ္လသုတ္တန်၊ စူဠယမကဝဂ်၊ မူလပဏ္ဏာသပါဋိတော်၊ မဇ်ၼိမနိကာယ။

0 comments: