စူဠဝေဒလ္လသုတ္တန်အနှစ်ချူပ်

အခါတစ်ပါး

ဝိသာခ ဥပဿကာသည် ဓမ္မဒိန္တွာရဟန်းမိန်းမထံသို. ချဉ်းကပ်၍ အမေးပုစ္ဆာမေးလျှောက်ခဲ့ရာဝယ် ဓမ္မဒိန္တွာရဟန်းမိန်းမက-------

ဒါယကာ ဝိသာခ သက္ကာယဟူသည် ဥပါဒါနက္ခန္ဓာငါးပါးတို.ပင်တည်း။

ဒါယကာ ဝိသာခ သက္ကာယဖြစ်ရာဟူသည် တဖန် ဘဝသစ်ကို ဖြစ်စေတတ်သော နှစ်သက်တပ်စွဲမှူ နန္ဒီရာဂနှင့်တကွ ဖြစ်သော ထိုထို ဘုံဘဝတို.၌ ကာမဂုဏ်ကို တပ်မက်မှူ ကာမတဏှာ၊ ဘုံဘဝတို.ကို တပ်မက်မှူ ဘဝတဏှာ၊ ဘုံဘဝကင်းပြတ်မှူကို တပ်မက်မှူ ဝိဘဝတဏှာတို.ပင်တည်း။

ဒါယကာ ဝိသာခ သက္ကာယချုပ်ရာဟူသည်  တပ်မက်မှူတဏှာ၏ သာလျှင် အကြွင်းမဲ့ တပ်စွဲခြင်း ကင်းသောအားဖြင့် တပ်မက်မှူတဏှာ၏ ချုပ်ရာ၊ စွန်.ပြစ်ရာ၊ လွတ်မြောက်ရာ၊ တဖန်စွန်.ပြစ်ရာ၊ တွယ်တာ ကပ်ငြိမှူမရှိရာ နိဗ္ဗာန်ပင်တည်း။

ဒါယကာ ဝိသာခ သက္ကာယချုပ်ရာ နိဗ္ဗာန်သို.ရောက်ကြောင်းအကျင့်ဟူသည် အင်္ဂါရှစ်ပါးရှိသော မဂ်ပင်တည်း။

ဒါယကာ ဝိသာခ အင်္ဂါရှစ်ပါးရှိသော မဂ်ဟူသည် မှန်စွာမြင်ခြင်း၊ မှန်စွာ ကြံစည် ခြင်း၊ မှန်စွာ ပြောဆိုခြင်း၊ မှန်စွာ ပြုမူခြင်း၊ မှန်စွာ အသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာ အောက်မေ့ခြင်း၊ မှန်စွာ တည်ကြည်ခြင်းတို.ပင်တည်း။ 

ဒါယကာ ဝိသာခ လိုချင်တပ်မက်မှူဆန္ဒရာဂသည်ပင် ခန္ဒာငါးပါးတို.၌ ပြင်းစွာစွဲလန်းခြင်း ဥပါဒါန်ပင်တည်း။

ဒါယကာ ဝိသာခ အရိယာသူတော်ကောင်းတို.ကို ဖူးမြင်လေ့မရှိသူ၊ အရိယာသူတော်ကောင်းတရားတို.၌ မယဉ်ကျေးသော၊ မကျွမ်းကျင်သောသူသည် ဥပါဒါနက္ခန္ဓာငါးပါးကို အတ္တုဟုယူ၏။    အတ္တုကို ဥပါဒါနက္ခန္ဓာငါးပါးဟုယူ၏။   အတ္တ၌ ဥပါဒါနက္ခန္ဓာငါးပါးဟုယူ ၏။  ဥပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟုယူ၏။  ဒါယကာဝိသာခ ဤသို.လျှင် သက္ကာယဒိဋ္ဌိသည် ဖြစ်၏။

ဒါယကာ ဝိသာခ အရိယာသူတော်ကောင်းတို.ကို ဖူးမြင်လေ့ရှိသူ၊ အရိယာသူတော်ကောင်းတရားတို.၌ ယဉ်ကျေးသော၊ ကျွမ်းကျင်သောသူသည် ဥပါဒါနက္ခန္ဓာငါးပါးကို အတ္တုဟုမယူ။    အတ္တုကို ဥပါဒါနက္ခန္ဓာငါးပါးဟုမယူ။  အတ္တ၌ ဥပါဒါနက္ခန္ဓာငါးပါးဟုမယူ။ ဥပါဒါနက္ခန္ဓာငါးပါး၌ အတ္တဟုမယူ။ ဒါယကာဝိသာခ ဤသို.လျှင် သက္ကာယဒိဋ္ဌိသည် မဖြစ်။

ဒါယကာ ဝိသာခ မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်သည် သင်္ခတတရားပင်တည်း။

ဒါယကာ ဝိသာခ အစုခန္ဓာသုံးပါးဖြင့် မြတ်သော အဂါင်္ရှစ်ပါးရှိသောမဂ်ကို သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတရားတို.ကို သီလခန္ဓာဖြင့် သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိတရားတို.ကို သမာဓိခန္ဓာဖြင့် သိမ်းယူရ၏။
ဒါယကာ ဝိသာခ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတရားတို.ကို ပညက္ခန္ဓာဖြင့် သိမ်းယူရ၏။

ဒါယကာ ဝိသာခ စိတ်အာရုံတစ်မျိုးတည်း ဖြစ်ခြင်းသည် သမာဓိမည်၏။
ဒါယကာ ဝိသာခ အောက်မေ့မှူသတိထင်ခြင်း သတိပဋ္ဌာန်လေးပါးသည် သမာဓိနိမိတ်မည်၏။
ဒါယကာ ဝိသာခ သမ္မပ္ပဋ္ဌာန် လေးပါးသည် သမာဓိ၏ အခြံအရံမည်၏။
ဒါယကာ ဝိသာခ အလုံးစုံသော ဤသမာဓိတရားတို.အား ပွါးများခြင်းသည် တည်ကြည်မှူ သမာဓိကို ပွားများခြင်းမည်ပေ၏။

ဒါယကာ ဝိသာခ ကိုယ်၌စပ်၍ဖြစ်သော ထွက်သက်ဝင်သက်သည် ကာယသခါင်္ရမည်၏။
ဒါယကာ ဝိသာခ ရှေးဦးကပင် စိတ်၌ဖြစ်၍နောက်မှ စကားပြောရသောကြောင့် ဝိတက်၊ဝိစာရသည် ဝဇီသခါင်္ရမည်၏။
ဒါယကာ ဝိသာခ စိတ်၌ဖြစ်သော သညာ၊ဝေဒနာသည် စိတ္တသခါင်္ရမည်၏။

ဒါယကာ ဝိသာခ နိရောဓသမာပါတ်ဝင်စားသော အခါ ဝဇီသခါင်္ရသည် ရှေးဦးစွာချုပ်၏။  ထို.နောင် ကာယသခါင်္ရသည် ချုပ်၏။  ထို.နောင် စိတ္တသခါင်္ရသည်ချုပ်၏။

ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထသော အခါ စိတ္တသခါင်္ရသည် ရှေးဦးစွာဖြစ်၏။  ထို.နောင် ကာယသခါင်္ရသည် ဖြစ်၏။  ထို.နောင် ဝဇီသခါင်္ရသည်ဖြစ်၏။

ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထလျှင်ထချင်း သုညတဖဿသည်ရှေးဦးစွာ တွေ.ထိ၏။  ထို.နောင် အာရုံနိမိတ်မရှိသော အနိမိတ္တဖဿသည် တွေ.ထိ၏။  ထို.နောင် တောင့်တမှူ မရှိသော အပ္ပဏိဟိတ ဖဿသည်တွေ.၏။

ဒါယကာ ဝိသာခ နိရောဓသမာပါတ်မှထလျှင်ထချင်း စိတ်သည် ကင်းဆိတ်မှူ ဝိဝေကချမ်းသာ နိဗ္ဗာန်သို. ညွတ်ကိုင်း ရှိုင်း၏။

ဒါယကာ ဝိသာခ ခံစားခြင်းဝေဒနာဟူသည် ချမ်းသာခံစားခြင်း၊ဆင်းရဲခံစားခြင်း၊ ဆင်းရဲမဟုတ်ချမ်းသာ မဟုတ် ခံစားခြင်းပေတည်း။

ဒါယကာ ဝိသာခ ချမ်းသာခံစားခြင်းသည် တည်ဆဲအခါ ချမ်းသာ၏။  ဖောက်ပြန်ပြောင်းလဲခြင်းဖြင့် ဆင်းရဲ၏။  ချမ်းသာခံစားခြင်း၌ ရာဂါနုသယသည် ကိန်းဝပ်၏။  ရူပါဝစရ ပထမဈာဉ် သမာပါတ်ဖြင့် ထိုရာဂါနုသယအား ပယ်သတ်ရာ၏။

ဒါယကာ ဝိသာခ ဆင်းရဲခံစားခြင်းသည် တည်ဆဲအခါ ဆင်းရဲ၏။  ဖောက်ပြန်ပြောင်းလဲခြင်းဖြင့် ချမ်းသာ၏။  ဆင်းရဲခံစားခြင်း၌ ပဋိဃာနုသယသည် ကိန်းဝပ်၏။  အရဟတ္တဖိုလ်ကို လိုချင်တောင့်တခြင်းကြောင့်ဖြစ်သော ဒေါမနဿဖြင့်ထိုပဋိဃာနုသယအား ပယ်သတ်ရာ၏။

ဒါယကာ ဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ခံစားခြင်း ဝေဒနာသည် သိသောအခါချမ်းသာ၏။  မသိသောအခါ ဆင်းရဲ၏။  ဒါယကာ ဝိသာခ ဆင်းရဲမဟုတ် ချမ်းသာမဟုတ် ခံစားခြင်းဝေဒနာ၌ အဝိဇ္ဇာနုသယသည် ကိန်းဝပ်၏။  စတုတ္ထဈာန်သမာပါတ်ဖြင့် ထိုအဝိဇ္ဇာနုသယကို ပယ်သတ်ရာ၏။

ဒါယကာ ဝိသာခ ချမ်းသာခြင်း၏ ပြိုင်ဘက်သည် ဆင်းရဲခြင်းဖြစ်၏။
ဒါယကာ ဝိသာခ ဆင်းရဲခြင်း၏ ပြိုင်ဘက်သည် ချမ်းသာခြင်းဖြစ်၏။
ဒါယကာ ဝိသာခ ချမ်းသာမဟုတ် ဆင်းရဲမဟုတ်ခြင်း၏ ပြိုင်ဘက်သည် မသိမှူ အဝိဇ္ဇာဖြစ်၏။
ဒါယကာ ဝိသာခ မသိမှူ အဝိဇ္ဇာ၏ ပြိုင်ဘက်သည် သိမှူဝိဇ္ဇာဖြစ်၏။
ဒါယကာ ဝိသာခသိမှူ ဝိဇ္ဇာ၏ ပြိုင်ဘက်သည် လွတ်မြောက်မှူ ဝိမုတ္တိဖြစ်၏။
ဒါယကာ ဝိသာခလွတ်မြောက်မှူ ဝိမုတ္တိ ၏ပြိုင်ဘက်သည် ငြိမ်းအေးမှူနိဗ္ဗာန် ဖြစ်၏။

အရိမေတ္တေယျ မြတ်စွာဗုဒ္ဓ ဖူးမြင်ရကြောင်း ကုသိုလ်တော် (၁၀)ပါး

(၁) သင်ကိုယ်တိုင် ရှင်ရဟန်းပြုပါ။

(၂) သင့်ရင်သွေး၊ သူတပါးရင်သွေး ရှင်ရဟန်းပြုပေးပါ။

(၃) သင့်မိဘ နှစ်ပါး ရိုသေပျပ်ဝပ်စွာဖြင့် ကောင်းမွန်စွာ လုပ်ကျွေးပြုစုပါ။

(၄) ရတနာ ၃ပါး၊ ပဉ္စသီလ မြဲမြံဆောက်တည်ပါ။

(၅) စေတီ၊ ဘုရားပုထိုး၊ နားနေရာဇရပ်များတည်ထား ပူဇော်ပါ။

(၆) ဗောဓိညောင်ပင်စိုက်၊ ညောင်ဗောဓိပင် ရေသွန်းပူဇော်ပါ။

(၇) ရေတွင်း၊ ရေကန်။ ကျေုာင်းအာရမ် ဆောက်လုပ်လှူဒါန်းပါ။

(၈) ပစ္စည်းလေးပါးဖြင့် သာသနာတော်ပူဇော်ပါ။

(၉) မြတ်ဘာဝနာ မြဲမြတ်ဆောက်တည် အားထုတ်ပူဇော်ပါ။

(၁၀) ဆီမီး 1000၊ ကြာမျိုးငါးအင်1000၊ ကတောက်ပန်း 1000၊ ဧကရာဇ်ပန်း 1000၊ တံခွန် 1000၊ ဆွမ်းပွဲ 1000 တို.နှင့်တကွ ဂါထာ 1000ပါ ဝေဿန္တရာဇာတ်တော် နေ.ချင်းရွတ်ဖတ် ပူဇော်ပါ။

ခေတ်၃ပါး

(၁) စကြာဝဠာတိုက်တစ်သောင်း အပြန်.အကျယ်သည် ဇာတိခေတ်မည်၏။

(၂) စကြာဝဠာ ကုဋေတစ်သိန်း အပြန်.အကျယ်သည် အာဏာခေတ်မည်၏။  အာဏာခေတ်သည် ကမ္ဘာဖြစ်အတူ ပျက်အတူ ဖြစ်၏။

(၃) စကြာဝဠာ အသင်္ချေအနန္တအပြန်.အကျယ်သည် ဝိသယခေတ်မည်၏။

ကျမ်းကိုး။       ။  အဘိဓမ္မတ္ထသင်္ဂဟကျမ်းမြတ်မှ

ကပ် ၄ပါး

၁၀နှစ်သက်တမ်းမှသည် အသင်္ချေယျသက်တမ်းတက်ကပ်တစ်ခုသည် အာယုကပ်မည်၏။
အသင်္ချေယျသက်တမ်းမှသည် ၁၀နှစ်သက်တမ်းတစ်ခုသည် အာယုကပ်မည်၏။

၁၀နှစ်သက်တမ်းမှသည် အသင်္ချေယျသက်တမ်းတက်ကပ်တစ်ခု
အသင်္ချေယျသက်တမ်းမှသည် ၁၀နှစ်သက်တမ်းဆုတ်ကပ်တစ်ခု ပေါင်းတစ်စုံသည် အန္တရကပ်မည်၏။

အန္တရကပ် ၆၄ကပ်သက်တမ်းသည် အသင်္ချေယျကပ်မည်၏။

အသင်္ချေယျကပ် ၄ကပ်သက်တမ်းသည် မဟာကပ်မည်၏။

ကျမ်းကိုး။       ။  အဘိဓမ္မတ္ထသင်္ဂဟကျမ်းမြတ်မှ

အလုံးစုံပုဂ္ဂိုလ်များ

ဒုဂ္ဂတိ အဟိတ်ပုဂ္ဂိုလ်များ

သုဂတိ  အဟိတ်ပုဂ္ဂိုလ်များ

ဒွိဟိတ် ပုဂ္ဂိုလ်များ

ဈာန်မရ တိဟိတ်ပုဂ္ဂိုလ်များ

ဈာန်ရ တိဟိတ်ပုဂ္ဂိုလ်များ

သောတာပတ္တိမဂ်ပုဂ္ဂိုလ်များ

ဈာန်မရ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်များ

ဈာန်ရ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်များ

တကဒါဂါမ္မိမဂ်ပုဂ္ဂိုလ်များ

ဈာန်မရ တကဒါဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

ဈာန်ရ တကဒါဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

အနာဂါမ္မိမဂ်ပုဂ္ဂိုလ်များ

ဈာန်မရ အနာဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

ဈာန်ရ အနာဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

အရဟတ္တမဂ်ပုဂ္ဂိုလ်များ

ဈာန်မရ အရဟတ္တဖိုလ်ပုဂ္ဂိုလ်များ

ဈာန်ရ အရဟတ္တဖိုလ်ပုဂ္ဂိုလ်များ

ရူပဘုံ တိဟိတ်ပုဂ္ဂိုလ်များ

ရူပဘုံ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်များ

ရူပဘုံ တကဒါဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

ရူပဘုံ အနာဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

ရူပဘုံ အရဟတ္တဖိုလ်ပုဂ္ဂိုလ်များ

အရူပဘုံ တိဟိတ်ပုဂ္ဂိုလ်များ

အရူပဘုံ သောတာပတ္တိဖိုလ်ပုဂ္ဂိုလ်များ

အရူပဘုံ တကဒါဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

အရူပဘုံ အနာဂါမ္မိဖိုလ်ပုဂ္ဂိုလ်များ

အရူပဘုံ အရဟတ္တဖိုလ်ပုဂ္ဂိုလ်များ

ပစ္စေက ဗုဒ္ဓါ ဘုရားရှင်များ

သမ္မာ သမ္ဗုဒ္ဓ ဘုရားရှင်များ


ကျမ်းကိုး။       ။  အဘိဓမ္မတ္ထသင်္ဂဟကျမ်းမြတ်မှ

၃၁ဘုံကိုပိုင်းဆစ်လေ. လာ ခြင်း

အနန္တာကာသသည် အတိုင်းအဆမဲ.ကျယ်ဝန်း၏။
ကမ္ဘာ.လေထုသည် ယူဇနာ ၉၆၀၀၀၀ကျယ်ဝန်း၏။
ကမ္ဘာ.ရေထုသည် ယူဇနာ ၄၈၀၀၀၀ကျယ်ဝန်း၏။
ကမ္ဘာ.မြေထုသည် ယူဇနာ ၂၄၀၀၀၀ကျယ်ဝန်း၏။
မဟာအဝီစိငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
မဟာတာပနငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
တာပနငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
မဟာရောရုဝငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
ရောရုဝငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
သင်္ဃာတငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
ကာလသုတ်ငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
သဉ္ဇိုဝ်းငရဲသည် ယူဇနာ ၁၅၀၀၀ကျယ်ဝန်း၏။
မနုဿလူသားတို.ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
စတုမဟာရာဇ်နတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
တာဝတိံတာနတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
ယာမာနတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
တုသိတာနတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
နိမ္မာနရတိနတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
ပရနိမ္မိတာဝဿဝတ်ီနတ်ဘုံသည်ယူဇနာ ၄၂၀၀၀ကျယ်ဝန်း၏။
ပထမဈန်နှင်.ဒုတိယဈန်ရဗြဟ္မာ.ဘုံ၃ဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
(ဗြဟ္မာ.ပါရိသဇ္ဇာဘုံ၊ဗြဟ္မာ.ပုရောဟိတာဘုံ၊၊မဟာဗြဟ္မာဘုံ) သည်တစ်ဘုံဟုသာရေတွက်ထိုက်၏။
တတိယဈန်ရဗြဟ္မာ.ဘုံ၃ဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
(ပရိတ္တာဘာဘုံ၊အပ္ပမာဏာဘုံ၊ အာဘဿရာဘုံ) သည်တစ်ဘုံဟုသာရေတွက်ထိုက်၏။
စတုတ္ထဈန်ရဗြဟ္မာ.ဘုံ၃ဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
(ပရိတ္တာသုဘာဘုံ၊အပ္ပမာဏာသုဘာဘုံ၊ သုဘဏိဏှာဘုံ) သည်တစ်ဘုံဟုသာရေတွက်ထိုက်၏။
ပဉ္စမဈန်ရဝေဟပ္ဖိုလ်ဗြဟ္မာဘုံ၊အသညဿဇီဝိတနဝက်ဗြဟ္မာဘုံ၂ဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
်ပဉ္စမဈန်ရအဝိဟာဗြဟ္မာဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
်ပဉ္စမဈန်ရအတပ္ပါဗြဟ္မာဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
်ပဉ္စမဈန်ရသုဒဿာဗြဟ္မာဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
ပဉ္စမဈန်ရသုဒဿီဗြဟ္မာဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
ပဉ္စမဈန်ရအကနိဋ္ဌဗြဟ္မာဘုံသည်ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
အာကာသာနဉ္စယတနဗြဟ္မာဘုံသည် ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
ဝိညာဏနဉ္စာယတနဗြဟ္မာဘုံသည် ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
အာကိဉ္စညာယတနဗြဟ္မာဘုံသည် ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။
နေဝသညာနာသညာယတနဗြဟ္မာဘုံသည် ယူဇနာ ၅၅၀၈၀၀၀ကျယ်ဝန်း၏။ ဤဘုံသည် ဘဝဂ်ဟုမုနိမြတ်စွာကမိန်.မြွက်ခဲ.၏။

သတ္တဝါတို.၏အဇ္ဈတ္တယုံမှားခြင်း ( ၁၆)ပါး

ငါသည် ရှေးကဇြစ်တည်ဘူး ၏လော။
ငါသည် ရှေးကဇြစ်မှဖြစ်တည်ဘူး ၏လော။
ငါသည် ရှေးအတိတ်ကအဘယ်အမိုးဇတ်၌ဇြစ်ခဲ.ပါလိမ်.။
ငါသည် ရှေးအတိတ်ကအဘယ်ပုံပန်းသဏ္ဌာန်ဇြစ်ခဲ.ပါလိမ်.။
ငါသည် ရှေးအတိတ်ကအဘယ်အမိုးဇတ်၌်ဇြစ်တည်ဘူး၍တဖန်အဘယ်အမိုးဇတ်၌်ဇြစ်ခဲ.ပါလိမ်.။

ငါသည် နောင်အနာဂတ်၌ဇြစ်တည်ဦးမှာပါ၏လော။
ငါသည် နောင်အနာဂတ်၌ဇြစ်မှဖြစ်တည်ဦးမှာပါ၏လော။
ငါသည်နောင်အနာဂတ်၌အဘယ်အမိုးဇတ်၌ဇြစ်တည်ရှိမှာပါလိမ်.။
ငါသည်နောင်အနာဂတ်၌အဘယ်ပုံပန်းသွင်ပြင်ဇြစ်တည်ရှိမှာပါလိမ်.။
ငါသည်နောင်အနာဂတ်၌အဘယ်အမိုးဇတ်၌ဇြစ်တည်၍တဖန်အဘယ်အမိုးဇတ်၌ဇြစ်တည်ရှိမှာပါလိမ်.။

ပစ္စက္ခဖြစ်တည်မှူက ငါမှဟုတ်ပါ၏လော။
ပစ္စက္ခဖြစ်တည်မှူက ငါမဟုတ်ပဲများဖြစ်တည်နေပါ၏လော။
ပစ္စက္ခ၌ငါသည် အဘယ်အမိုးဇတ်၌ဇြစ်တည်နေပါ၏လော။
ပစ္စက္ခ၌ငါသည် အဘယ်ပုံပန်းသဏ္ဌာန်ဇြစ်တည်နေပါ၏လော။
ပစ္စက္ခ၌ငါသည် အဘယ်ဘဝမှ်ဇြစ်တည်ခဲ.ပါသနည်း။
ပစ္စက္ခဖြစ်တည်မှူငါသည်နောင်အနာဂတ်ဝယ် အဘယ်ဘဝသို.ဇြစ်တည်ရှိမှာပါလိမ်.။